ဂိမ်းတွေဖန်တီးရာကနေ ပိုက်ဆံ ဘယ်လိုရနိုင်သလဲ?
- Game Makers
- 3 days ago
- 2 min read

ကိုယ်ပိုင်ဂိမ်းတွေကို ဖန်တီးရတာဟာ စိတ်လှုပ်ရှားဖို့ကောင်းပြီးတော့ ကိုယ်လိုချင်တဲ့ဂိမ်းပုံစံကို လုပ်နိုင်တာကြောင့် ပျော်ဖို့လည်း အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ဂိမ်းတွေကနေ တကယ်ရော ပိုက်ဆံရနိုင်သလား? ဂိမ်းဖန်တီးပြီး တော့ ပိုက်ဆံ ရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။
၁။ ကိုယ့်ရဲ့ဂိမ်းကို Store တွေပေါ်မှာရောင်းခြင်း
ကိုယ့်ရဲ့ဂိမ်းက PC ဂိမ်းဆိုလိုရှိရင် Steam တို့ Epic Games Store တို့မှာ တင်ရောင်းနိုင်ပါတယ်။ အကယ်လို့ ကိုယ့်ဂိမ်းက Playstation၊ Xbox၊ Nintendo Switch တို့လိုမျိုး Console ဂိမ်းတွေဆိုရင် သူတို့ရဲ့ သက်ဆိုင်ရာ Store တွေမှာ တင်ရောင်းနိုင်ပါတယ်။ အဲ့လိုမျိုးပဲ Mobile အတွက်ဆိုလည်း Playstore တို့ App store တို့မှာဆိုရင် Developer Account ဝယ်ပြီး တင်ရောင်းလို့ရပါတယ်။
ဒီလိုတင်ရောင်းပြီးတဲ့ ဂိမ်းတွေကနေ ပိုက်ဆံ ထပ်ရချင်တယ်ဆိုလို့ရှိရင် Downloadable content (DLC) လို့ခေါ်တဲ့ မြေပုံအသစ်တွေ Character အသစ်တွေ၊ ဇာတ်လမ်းအသစ်တွေထည့်ပြီးတော့ ဆက်ရောင်းလို့ရပါသေးတယ်။ Game of the Year ရသွားတဲ့ Elden Ring ဆိုရင် DLC တွေဆက်ရောင်းနေတုန်းပါ။ DLC ဆိုပြီးတော့ မူရင်းဂိမ်းလောက် မကောင်းဘူး မထင်ပါနဲ့။ Elden Ring ရဲ့ DLC ဟာဆိုရင် Game of the Year မှာ ဆန်ကာတင် စာရင်းထဲတောင် ဝင်ခဲ့တာပါ။
၂။ ကြော်ငြာတွေကနေ ပိုက်ဆံရှာနိုင်ခြင်း
ကိုယ့်ရဲ့ဂိမ်းမှာ ကြော်ငြာတွေထည့်ပြီးတော့လည်း ပိုက်ဆံရှာလို့ရပါတယ်။ ကြော်ငြာတွေကို ကိုယ့်ရဲ့ကစားတဲ့သူက ကြည့်လိုက်ရင် ကိုယ့်ဆီကို ပိုက်ဆံဝင်လာတာမျိုးပေါ့။ Google Admob တို့ တခြားကြော်ငြာ ထည့်တဲ့ Service တွေနဲ့ ကိုယ့်ရဲ့ဂိမ်းမှာ ကြော်ငြာတွေထည့်လို့ရပါတယ်။
ကြော်ငြာတွေမှာမှ အမျိုးအစားတွေအများကြီးရှိပါတယ်။
Mobile ဂိမ်းတွေဆော့တဲ့သူတွေဆိုရင် ဖုန်းရဲ့ အပေါ်နား သို့မဟုတ် အောက်နားမှာ ဘောင်ခတ်ထားတဲ့ ကြော်ငြာတွေကို မြင်ဖူးကြမှာပါ။ အဲ့ဒီ့ကြော်ငြာကို Bamner Ads လို့ခေါ်ပါတယ်။
ဂိမ်းဆော့နေရင်းနဲ့ရှုံးသွားတာပဲ ဖြစ်ဖြစ် နိုင်သွားပဲဖြစ်ဖြစ် ၅ စက္ကန့်လောက်ကျော်လို့မရတဲ့ ကြော်ငြာတွေကိုတွေ့ဖူးမှာပါ။ သူ့ကိုတော့ Interstitial Ads လို့ခေါ်ပါတယ်။
အကယ်လို့ဂိမ်းမှာ ရှုံးသွားလို့ပြန်ဆော့ချင်တာ ဒါမှမဟုတ် ဂိမ်းထဲက Reward တွေကို ၂ဆ ရချင်တဲ့အခါမျိုးမှာဆိုရင် စက္ကန့် ၃၀ လောက်ကြာတဲ့ ကြော်ငြာတွေကိုကြည့်ဖူးကြမှာပါ။
အဲ့တာကိုတော့ Rewarded Ads လို့ခေါ်ပါတယ်။
၃။ In App Purchase သို့မဟုတ် IAP
IAP ဆိုတာက ဂိမ်းထဲမှာ ရောင်းရတဲ့ စနစ်တစ်ခုဖြစ်ပြီးတော့ သူ့မှာလည်း နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒီ IAP နဲ့ ဂိမ်းအများစုလုပ်ကြတာက ဂိမ်းထဲက Items တွေ၊ Skins တွေ ကို ပိုက်ဆံပေးပြီးဝယ်ရတဲ့ နည်းလမ်းပါ။ ဒါကတော့ Popular အဖြစ်ဆုံးပေါ့
ခုနက ကြော်ငြာတွေကို ကိုယ့်ဂိမ်းမှာ မပေါ်အောင်လို့ 2$ 5$ ပေးပြီး ကြော်ငြာပိတ်ခိုင်းတာက IAP ရဲ့နည်းလမ်းတစ်ခုပါပဲ။
Micro transaction လို့ခေါ်တဲ့ သေးသေးမွှားမွှားတွေ ဝယ်ရတဲ့ နည်းလမ်းတွေလည်းရှိပါတယ်။ ဥပမာ ကိုယ်က ဂိမ်းဆော့နေတုန်း Energy ကုန်လို့ ဆက်ဆော့လို့မရရင် Energy ဝယ်ပြီး ဆော့လို့ရတာမျိုးပေါ့။
IAP တွေထဲမှာမှ Subscription တို့ Battle Pass တို့ဆိုတဲ့ အမျိုးအစားတွေလည်းရှိပါသေးတယ်။ Subscription ကတော့ ဂိမ်းတွေကို လစဉ်ပေးပြီးဝယ်ဆော့ရတာပါ။ ဥပမာ World of Warcraft လို့ခေါ်တဲ့ MMORPG ဂိမ်းဆိုရင် Player တွေက 15$ ပေးပြီးတော့ လစဉ်ဝယ်ဆော့ကြတာပါ။ နောက်တစ်ခုက Battle Pass ပါ။ Battle Pass ဆိုတာက ဂိမ်းထဲက Items တွေအများကြီးကို တစ်နေရာထဲမှာရောင်းတာပါ။ ကိုယ်က Battle Pass ကိုဝယ်ပြီးဂိမ်းကိုကြာကြာဆော့လေ ဂိမ်းထဲက Items တွေကို များများရလေပါပဲ။ Mobile Legends ထဲက Starlight Member ကလဲ Battle Pass အမျိုးအစားတစ်ခုပါ။ 🚀
ဂိမ်းတွေကနေ ဒီလိုမျိုး ပိုက်ဆံရှာနိုင်တဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ကိုယ့်ရဲ့ဂိမ်းကို Store တွေအပေါ်မှာ ရောင်းတာတွေ၊ DLC လုပ်ပြီး ဆက်ရောင်းတာတွေ၊ ကြော်ငြာတွေကနေတဆင့် ပိုက်ဆံရှာနိုင်တာတွေ၊ In App Purchase တွေကနေ ပြီးတော့လည်း ပိုက်ဆံတွေရှာနိုင်ပါတယ်။ 👨💻
ဒီလိုမျိုး ပိုက်ဆံရှာနိုင်တဲ့ နည်းလမ်းတွေ၊ ကြော်ငြာထည့်တဲ့နည်းလမ်းတွေကို Game Makers Myanmar ရဲ့ ကိုယ့်ဂိမ်း၊ကိုယ့်ဖန်တီးမှု အတန်းမှာ အသေးစိတ်သင်ကြားပေးပါတယ်။ ဒီ Game Development Class မှာ ဂိမ်းဖန်တီးတဲ့နည်းလမ်းတွေသာမဟုတ်ဘဲနဲ့ ဒီလို နည်းလမ်းတွေကိုလည်းသင်ကြားပေးပါတယ်။
Comments