top of page
Search

ဂိမ်းတွေကို အသစ်ထုတ်မယ့်အစား Remake တွေဘာကြောင့်များနေတာလဲ?

  • Writer: Game Makers
    Game Makers
  • Sep 28, 2025
  • 1 min read

Updated: Nov 6, 2025


အခုခေတ် ဂိမ်းသတင်းတွေကိုကြည့်မယ်ဆိုရင် Final Fantasy VII Rebirth, Resident Evil 4 (2023), Dead Space Remake စတဲ့ ဂိမ်းအဟောင်းတွေရဲ့ Remake တွေပဲ များနေတာကို သတိထားမိကြမှာပါ။ ဒါဆိုဘာကြောင့် ဂိမ်းအသစ်တွေအစား Remake တွေဖန်တီးကြတာလဲ?


 ၁။ Nostalgic feeling ကို Modern နည်းလမ်းနဲ့ပြန်ခံစားနိုင်တာ


 ကိုယ်ကစားဖူးခဲ့တဲ့ game တစ်ခုကို HD Graphics နဲ့, လှပတဲ့ environment အသစ်တွေထဲမှာ ပြန်မြင်ရတာဒါဟာ nostalgia အပြည့်အဝဖြစ်စေနိုင်ပါတယ်။ မူရင်းဂိမ်းကို ကစားခဲ့ဖူးတဲ့ သူတွေက ဘာတွေများအသစ်ပါလာမလဲ ဘယ်လိုမျိုးပြန်ပြင်ထားတာလဲ ဆိုပြီး Remake တွေကိုဆော့ကြမှာပါ။ Social Media မှာ Before ‌/ After ဆိုပြီး နှိုင်းယှဉ်ပြီး ပြောဆိုတာတွေက Game Studio တွေအတွက် Free Marketing ရသလိုပါပဲ။


 ၂။ အန္တရာယ်နည်းတဲ့ ရွေးချယ်မှု


 ဂိမ်းအသစ်တစ်ခုထုတ်တာက စွန့်စားရတဲ့အလုပ်ပါ။ AAA ဂိမ်းတစ်ခုရဲ့ ကုန်ကျစရိတ်က သန်းပေါင်း ၁၀၀ ကျော်နိုင်ပြီး မအောင်မြင်ရင် ကုမ္ပဏီတစ်ခုလုံး ဒုက္ခရောက်နိုင်ပါတယ်။


 Sequel တစ်ခုက နာမည်ကြီး original game ရဲ့ ဆက်တိုက်အနေနဲ့ ထွက်လာတာဆိုတော့ မဖြစ်မနေ တစ်ဆင့်တိုးဖို့လိုလာပါတယ်။ ဒါပေမယ့် တစ်ခါတလေတော့ ပိုလုပ်ရင်း ပျက်လဲတတ်ပါတယ်။ Remake တော့ စိတ်ချရပါတယ်။ ဇာတ်လမ်းကပဲဟောင်းတယ်၊ ဒါပေမယ့် Gameplay, UI, Graphics တွေကိုလှလှပပ ပြန်တည်ဆောက်ပေးလိုက်ရုံပါပဲ။


 ၃။ Budget အနေနဲ့လည်း ပိုအဆင်ပြေပါတယ်။


 ဒီထဲမှာ developer တွေအတွက် အရေးကြီးဆုံး point တစ်ခုကတော့ budget ဖြစ်ပါတယ်။ Sequel တစ်ခုဖန်တီးဖို့ဆိုရင် ဇာတ်လမ်းသစ်ရေးရမယ်၊ ဇာတ်ကောင်အသစ်တွေဖန်တီးရမယ်၊ level design အသစ်တွေနဲ့ အကုန်လုံးအဆင့်သစ်တစ်ခုစလုပ်ရပါတယ်။ ဒါကြောင့် time ပိုလိုတယ်၊ team size ပိုကြီးတယ်၊ အဲ့တာကြောင့် Budget ကလည်း ပိုများပါတယ်။


 Remake ကတော့ သူတို့ရဲ့ရှိပြီးသား storyline, asset တွေကို အခြေခံပြီး ပြန်ဖန်တီးတာဖြစ်လို့ budget နည်းနည်းနဲ့ အရည်အသွေးမြင့် game တစ်ခုဖန်တီးနိုင်ပါတယ်။ ဒီ Remake က အမြတ်ငွေတွေနဲ့ Sequel အတွက် Budget ကိုလည်း ရရှိနိုင်ပါတယ်။


 ၄။ နည်းပညာအဆင့်မြှင့်တင်ဖို့ အခွင့်ကောင်း


 Remake တွေက ဂရပ်ဖစ်ပဲပြောင်းတာမဟုတ်ဘူး။ ဒီဇိုင်နာတွေအတွက် Mechanic အသစ်တွေထည့်လို့ရပါတယ်။ Final Fantasy VII Remake မှာ Real-Time Combat ထည့်ပေးလိုက်တာ မျိုးပေါ့။


 တချို့ဂိမ်းအဟောင်းတွေက အဲဒီ့ခေတ်က နည်းပညာနဲ့ ဖန်တီးထားတာမလို့ အချို့ mechanic တွေ, control တွေ ကောင်းကောင်းမလုပ်ဘူး။ Remake တော့ အဲ့ဒါတွေကို အသစ်ပြန်ပြင်ပြီး ဆော့ရတာ ပိုအဆင်ပြေ‌ စေပါတယ်။


 Remake တွေဟာ Graphics တွေ၊ Asset တွေ၊ Mechanic တွေကိုပြန်ပြင်ရုံတင်မဟုတ်ပါဘူး။ ကောင်းခဲ့ပြီးသားအရာကို ပိုမိုပြည့်စုံအောင် ပြန်တင်ဆက်တဲ့အရာပါ။ original version ကိုကြိုက်ခဲ့တဲ့ Player တွေအတွက် remake ကတော့ လက်မလွှတ်သင့်တဲ့အအရာတစ်ခုပါပဲ။

 
 
 

Comments


Our Socials &Community

bottom of page