ကိုယ့်ရဲ့ဂိမ်းကိုလူတွေအားလုံးကစားနိုင်မယ့် Accessibility
- Game Makers
- 3 days ago
- 1 min read

ဂိမ်းဖန်တီးသူ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဂိမ်းကို နာမည်ကြီးဖို့ ကစားသူ တွေများဖို့အတွက်သာ ဖန်တီးရတာမဟုတ်ဘဲ ကိုယ့်ရဲ့ဂိမ်းကို လူတိုင်းဆော့နိုင်အောင်ဖန်တီးသင့်ပါတယ်။ အထူးသဖြင့် နားမကြားတဲ့သူတွေ၊ မျက်စိ မကောင်းတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူများအတွက်ပါ ဖန်နီးသင့်ပါတယ်။ အခုနာက်ပိုင်းဂိမ်းတွေမှာ လူတွေအကုန်လုံးကစားလို့ရအောင် Accessibility Settings တွေကို ထည့်သွင်းဖန်တီးလာကြပါတယ်။
Accessibility ဆိုတာဘာလဲ?
Accessibility ဆိုတာက ကစားတဲ့သူတွေ အဆင်ပြေအောင် ပြုလုပ်ပေးတဲ့ Setting တွေကို ပြောတာပါ။ ဥပမာဆိုရင် နားမကြားတဲ့သူတွေ အတွက် စာတန်းထိုး တွေ ထည့်ပေးတာမျိုး၊ အရောင်မကွဲတဲ့ သူတွေအတွက် အရောင်တွေကြိုက်သလို ချိန်လို့ရတာမျိုး၊ မျက်လုံးမကောင်းတဲ့သူတွေအတွက် စာလုံး အရွယ်တွေကို အကြီးအသေးတွေ ပြောင်းလို့ရတာတွေကိုပြောတာပါ။ ဒီ နာမည်ကြီး Setting တွေကို တစ်ခုချင်းစီပြန်ရှင်းပြပါမယ်။
၁။ Subtitle သို့မဟုတ် စာတန်းထိုး ထည့်ပေးခြင်း
ဒီ စာတန်းထိုးတွေက တော့ ဂိမ်းတိုင်းမှာ ထည့်ကို ထည့်သင့်တဲ့ အရာတစ်ခုပါ။ နားမကြားတဲ့သူတွေကို အများကြီး အထောက်အကူပြုရုံသာမကပဲ ဘာသာစကား နားမလည်တဲ့ သူတွေအတွက်ပါ အဆင်ပြေစေပါတယ်။
၂။ စာလုံး အကြီးအသေး ပြောင်းလဲပေးနိုင်ခြင်း
ဒီ Setting က မျက်လုံး မကောင်းတဲ့ သူတွေအတွက် ဖန်တီးထားတာဆိုပေမယ့် တချို့ စာလုံး အရွယ်အစားကို ကိုယ်ကြိုက်သလိုထားချင်တဲ့ သူတွေအတွက်လည်း အထောက်အကူပြုပါတယ်။
၃။ အရောင်ခွဲမရတဲ့ သူတွေအတွက် Setting
အရောင်တွေပြောင်းနိုင်တဲ့ Setting တွေဖြစ်တဲ့ အရောင်တွေကိုတင်တာတွေ၊ အရောင်တွေပြောင်းနိုင်တဲ့ Setting တွေက အရောင်ခွဲရခက်တဲ့ သူတွေအတွက် အဆင်ပြေစေပါတယ်။
၄။ ဂိမ်း ခလုတ်တွေကို ကိုယ်ကြိုက်သလိုသတ်မှတ်နိုင်ခြင်း
ဒီ Setting ကတော့ ဂိမ်းထဲက ဇာတ်ကောင်တွေလှုပ်ရှားဖို့၊ Spell တွေသုံးဖို့အတွက် Keyboard ဒါမှမဟုတ် ဂိမ်းခလုတ် တွေကို ကိုယ်ကြိုက်တဲ့ ခလုတ်ကို ပြောင်းပြီးဆော့လို့ရတဲ့ Setting တစ်ခုပါ။ ဒီ Setting က ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေအတွက် အရေးပါရုံတင်မပဲ တချို့ Creative ဆန်ပြီး ဂိမ်းဆော့ချင်သူတွေအတွက်လည်း အရမ်းကောင်းတဲ့ Setting တစ်ခုပါ။
Accessibility ဆိုတာက မရှိမဖြစ်လိုအပ်တဲ့ Setting တစ်ခုပါ။ ဒီ Setting ကြောင့် ဂိမ်းကစားတဲ့ သူတွေကလည်း ကိုယ့်ဂိမ်းကို စိတ်ဝင်စားပြီး ဆော့လာနိုင်ပါတယ်။ ကိုယ့်ရဲ့ဂိမ်းကို လူတွေအများကြီး ကစားနိုင်မှ ကိုယ့်ရဲ့ဂိမ်းက လည်း ပိုကောင်းလာမှာပါ။ လူများများကစားလေ သူတို့ဆီက အကြံပြုချက်တွေ နားထောင်ရင်းနဲ့ ကိုယ့်ရဲ့ဂိမ်းကို ပိုကောင်းကို ဖန်တီးနိုင်မှာပါ။
Comments