top of page
Search

ဂိမ်း Developer အများစုက ဘာကြောင့် Team နဲ့အလုပ်လုပ်ကြတာလဲ?

  • Writer: Game Makers
    Game Makers
  • Sep 28
  • 1 min read

ree

အကယ်၍ ကိုယ်ကကိုယ့်ဘာသာ ဂိမ်းတစ်ခုဖန်တီးဖို့ ကြိုးစားဖူးတယ်ဆိုရင် အလုပ်ဘယ်လောက်များလဲဆိုတာ သိလာပါလိမ့်မယ်။ ကိုယ်တစ်ယောက်တည်း ဂိမ်းဖန်တီး ဖို့ဆိုတာက အချိန်အရမ်းကိုကြာပါတယ်။ ဒါကြောင့်မို့လို့ ဂိမ်း Developer အများစုက Team နဲ့အလုပ်လုပ်ကြတာပါ။ ပိုမြန်မြန်ပြီးအောင်လုပ်ဖို့သာမဟုတ်ဘဲနဲ့ မတူညီတဲ့ကျွမ်းကျင်မှုတွေကိုပေါင်းစပ်ပြီး အရမ်းကောင်းတဲ့အရာတစ်ခုကိုဖန်တီးဖို့ပါ။


 1. တစ်ယောက်တည်းနဲ့ အကုန်ကျွမ်းဖို့ဆိုတာမလွယ်ကူပါဘူး


 Coding ရေးတာ၊ 3D Model လုပ်တာ၊ သီချင်းဖန်တီးတာ၊ ဇာတ်လမ်းရေးတာ၊ ပရိသတ်မပျင်းအောင် level design လုပ်တာ - ဒါတွေအားလုံးကို တစ်ယောက်တည်းနဲ့ အကုန် ကျွမ်းကျင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ Team တွေမှာဆိုရင် programmer တွေ၊ artist တွေ၊ sound designer တွေ၊ writer တွေပါဝင်တဲ့အတွက် ဂိမ်းရဲ့အစိတ်အပိုင်းတိုင်းကို အာရုံစိုက်နိုင်ပါတယ်။


 2. ဂိမ်းတစ်ခုဖန်တီးဖို့ အချိန်အရမ်းယူရတယ်


 Indie ဂိမ်းတစ်ခုကို တစ်ယောက်တည်းလုပ်ရင် နှစ်နဲ့ချီကြာနိုင်ပါတယ်။ Team နဲ့ဆိုရင်တော့ တစ်ယောက်က combat system ရေးနေချိန်၊ နောက်တစ်ယောက်က 3D Model လုပ်နေနိုင်တယ်၊ Sound Effect တွေဖန်တီးနေနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းလုပ်ရတာထက် အချိန်ကုန်သက်သာစေပါတယ်။


 3. အကြံကောင်းတွေရနိုင်ပါတယ်။


 ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေရာမှာ လူအများတွေက အကြံကောင်းတွေရရှိနိုင်ပါတယ်။ Team နဲ့ အလုပ်လုပ်တာက


 ဖန်တီးမှုကိုပိုကောင်းစေပြီး ပြဿနာတွေကိုလည်း ပိုမြန်မြန်ဖြေရှင်းနိုင်ပါတယ်။ 🚀


 4. Testing နဲ့ အကြံပြုချက်တွေကိုလည်းရနိုင်ပါတယ်။


 Team နဲ့ဆိုရင် ဂိမ်းကိုစမ်းသပ်မှုပိုလုပ်နိုင်ပြီး ပြဿနာတွေကို အချိန်မီပြင်ဆင်နိုင်ပါတယ်။ ကိုယ်က မသိလိုက်တဲ့ Bug တွေ ရှာတွေ့တာမျိုးတွေ၊ ဘယ်လိုနေရာမှာ ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေရရှိနိုင်ပါတယ်။


 ဒါဆို တစ်ယောက်တည်းလုပ်လို့ရလား?


 ရပါတယ်! တချို့ developer တွေလုပ်ပြီးအောင်မြင်ကြပါတယ်။ ဒါပေမယ့် နာမည်ကြီး ဂိမ်းအများစုက Team နဲ့ဖန်တီးထားတာပါ။ ဘာလို့လဲဆိုတော့ ဂိမ်းဖန်တီးမှုဆိုတာ အတူတူပူးပေါင်းလုပ်ဆောင်တာပါ။ Artist တွေက ဂိမ်း ကမ္ဘာတွေကိုလှပအောင်လုပ်တယ်၊ Programmer တွေက ဂိမ်းကစားလို့ကောင်းအောင်လုပ်တယ်၊ Writer တွေက Story တွေကို စိတ်ဝင်စားအောင်ရေးတယ်။ ဒါမှသာ ဂိမ်းရဲ့အစိတ်အပိုင်းကို သေချာဖန်တီးနိုင်မှာပါ။

 
 
 

Comments


Our Socials &Community

bottom of page